ဝန်ဆောင်မှုလုပ်ငန်းများ

Hercules Logistics သည် သင်၏ ကုန်စည်များအား (Door to Door) စနစ်ဖြင့် အိမ်တိုင်ရာရောက် ပို့ဆောင်ပေးရန် အတွက် သင့်လျော်ကောင်းမွန်သော စွမ်းဆောင်ရည်ဖြင့် သီခြား ဝန်ဆောင်မှုပေးပါသည်။ ကျွန်ုပ်တို့သည် သင်၏ လုပ်ငန်းလိုအပ်ချက်များအား နားစွင့်နေပြီး သင်မှကျွန်ုပ်တို့အားလိုအပ်သော Logistics Supply Chain ၏အစိတ်အပိုင်းဖြစ်သော ကုန်ပစ္စည်း စီမံချက်၊ လိုက်လံကောက်ခံခြင်း၊ သယ်ယူရွေ့ပြောင်းခြင်းနှင့် လွှဲပြောင်းခြင်း တို့ကို ဆောင်ရွက်ပေးနိုင်ပါသည်။ ကျွန်ုပ်တို့သည် ပြည်တွင်းသယ်ယူပို့ဆောင်ရေး၊ ပရောဂျက် လုပ်ငန်းကုန်စည်များ၊ ဂိုထောင်တွင် ထိန်းသိမ်းပေးခြင်း နှင့် တန်ဖိုးထပ်တိုး ဝန်ဆောင်မှုများ ကို ဆောင်ရွက်လျက်ရှိပါသည်။


ပြည်တွင်း သယ်ယူပို့ဆောင်ရေး

Hercules Logistics သည် ကျွန်ုပ် Customer များ၏ သယ်ယူပို့ဆောင်ထောက်ပံ့မှု ပြဿနာများအား လျှော့ချပြီး ဖြေရှင်းဆောင်ရွက်ပြီး Customerများကို Door to Door Service အား အချိန်နှင့်စရိတ် သက်သာမှုရစေရန် ဝန်ဆောင်မှုပေးအပ်လိုပါသည်။ ခရီးစဉ်ကိုလဲ ကတိပေးထားသော အချိန်တွင် သင်၏ ကုန်စည်များ၊ လွှဲအပ်နိုင်ရန် အတွက် GPS စနစ်ဖြင့် စီမံခန့်ခွဲ စေပါသည်။

ပရ​ောဂျက်လုပ်ငန်းသုံး ကုန်စည်များ

Hercules Logistics သည် တူးဖော်ခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး နှင့် ဆေးပစ္စည်းများ စသည်တို့ အပါအဝင် ပရောဂျက်လုပ်ငန်းသုံးများအား ဆောင်ရွက်ပေးလျက်ရှိသည်။

ကုန်ပစ္စည်းသိုလှောင်ရုံ စီမံခန့်ခွဲမှု

Hercules Logistics သည် ၎င်း၏ လုပ်ငန်းခွင် စင်တာများကို ၂၂၄၀၀ စတုန်းရန်းပေနှင့် အထက်ရှိသော ဂိုထောင်တွင် ထုတ်ပိုးရန်၊ စုပုံရန်၊ စာရင်းပြုစုခြင်း၊ သိုလှောင်ခြင်းများကို စီမံခန့်ခွဲလျက်ရှိသည်။

တန်းဖိုး ထပ်တိုးဝန်ဆောင်မှုများ

ကျွန်ုပ်တို့၏ ထပ်တိုးဝန်ဆောင်မှုများကို သီးခြားလေ့ကျင့်ထားသည့် အတ​ွေ့အကြုံရှိသောအဖွဲ့များမှ ချို့ယွင်းမှုမရှိစေရန် ဆောင်ရွက်ပေးပါသည်။





မော်တော်ယာဉ်များ

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အလုပ်ရှင်များ၏ လိုအပ်ချက်များပြည့်မှီစေရေးအတွက် ၃တန်မှ ၃၂တန်ထိ တင်ဆောင်နိုင်သော မော်တော်ယာဉ် အမျိုးမျိုးအား ထားရှိ ထားပါသည်။

ကုန်လှောင်ရုံများ

Clients

ကျွန်ုပ်တို့ ဘယ်လို လုပ်ကိုင်ဆောင်ရွက်ကြသလဲ

ကျွန်ုပ်တို့သည် တန်ဖိုးရှိ ကဏ္ဏ (၃)ရပ်ဖြစ်သော လူသား၊ လုပ်ငန်းစဉ်နှင့် နည်းပညာရပ်တို့ကို အသုံးပြုပြီး အက​ောင်းဆုံးဝန်ဆောင်မှုများကို မြန်မာနိုင်ငံအတွင်း ပေးအပ်နေပါသည်။ Hercules Logistics အတွင်းပြုလုပ်သော အစည်းအဝေးများတွင် “ကုန်စည်များ ဘေးကင်းရှင်းစေမှု” ကို အဓိကထားဆွေးနွေးကြသည်။ မိမိတို့သည် ကာစတန်မာများ၏လိုအပ်ချက်များကို နားလည်သဘောပေါက်ပြီး စံသတ်မှတ်ထားသော လုပ်ငန်းစဉ်များဖြင့် ဝန်ဆောင်မှုများ ပေးပါသည်။ ထို့ပြင် လုပ်ငန်းစဉ်များ နှင့် အသုံးပြုသော စက်ကိရိယာများကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပြီး အဖိုးတန်သည့် အကောင်းဆုံးသော ဝန်ဆောင်မှုများကို ပေးအပ်နေပါသည်။ ကျွန်ုပ်တို့၏လည်ပတ်လုပ်ကိုင်နေစဉ် ကာလပတ်လုံးတွင် “Customer များ၏ကျေနပ်မှုသည် ကျွန်ုပ်တို့၏ အောင်မြင်မှုဖြစ်သည်” ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ထားရှိပြီး ဝန်ဆောင်မှုများ ပေးအပ်နေပါသည်။

လူမှုရေး ဆောင်ရွက်မှုများ

လူမှုရေးဆောင်ရွက်လုပ်ဆောင်မှုများသည် ကုမ္ပဏီ၏တန်ဖိုးနှင့်ဆက်စပ် နေပါသည်။ ကုမ္ပဏီ၏ တည်ရှိမှု နှင့် အောင်မြင်မှုသည်လည်း လူသားတစ်ယောက်ကဲ့သို့ ကောင်းမွန်သော အခြေအနေများ ရှိရန် လိုအပ်ပါသည်။ Hercules Logistics သည် အထက်မြန်မာပြည်ရေးဘေးကူညီရေးအတွက် လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဆောင်ရွက်ခဲ့ပါသည်။

လူမှုရေးဆိုင်ရာ စိန်ခေါ်မှုများရှိနေသော်လည်း Customer များ၊ ဝန်ထမ်းများအတွက်လည်း စံနှုန်းများကို အစဉ်တိုးတက် အောင် ဆောင်ရွက်လျက်ရှိသည်။ ကျွနု်တို့နှင့် သက်ဆိုင်သူများ အတွက် ယုံကြည်မှု၊ တာဝန်ဝတ္တရားများနှင့် ပွင့်လင်းမြင်သာမှုများ အပေါ်အခြေခံ၍ အဖွဲ့အစည်းသဘာဝအား ပုံဖော်ဖန်တီးပြီး အပြောင်းအလဲများဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

  • You'll be delighted tomorrow....
    that you dealt with us today....

    ကျွန်ုပ်တို့ အကြောင်း

    Hercules Logistics Co.,Ltd သည် မြန်မာနိုင်ငံ၊ မန္တလေးမြို့လေးမြို့တွင် ရုံးစိုက်သော သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ Hercules Logistics Co.,Ltd သည် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေးတွင် အဓိက ဆောင်ရွက်ရုံသာမကပဲ သိုလှောင်ခြင်းနှင့် ကုန်စည်မှု စီမံခန့်ခွဲခြင်း အပါအဝင် ဖြန့်ဖြူးဆောင်ရွက်မှုလုပ်ငန်း တစ်ရပ်လုံး အား အသေးစိတ်ထောက်ပံ့မှု လုပ်ငန်းများကိုပါ ဆောင်ရွက်ပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ Customer များ၏ လိုအပ်ချက်အရ ပြည့်မီစေရ​ေးအတွက် ၃တန် မှ တန်(၃၀) အထိ Cargo များ သယ်ဆောင်နိုင်သော မ​ော်တော်ယာဉ် အစီးရေ (၂၀) ကျော်ဖြင့် လည်ပတ်လုပ်ကိုင်လျက်ရှိပါသည်။ ကျွန်တော်တို့၏ မော်တော်ယာဥ် အမျိုးအစားများတွင် IVECO၊ Mitsubishi စသော ထရပ်ကားအမျိုးအစားများစွာ ပါဝင်ပြီး ၎င်းတို့တွင် Customerများအား အကောင်းဆုံးဝန်ဆောင်မှုပေးရန်အတွက် GPS စသော Online စနစ်များ တပ်ဆင် အသုံးပြုထားပါသည်။ ကုမ္ပဏီ လည်ပတ်လုပ်ကိုင်နေသမျှ ကာလပတ်လုံး ကျွန်တော်တို့ လက်ကိုင်ထာူသော ဆောင်ပုဒ်ကတော့ “ Customerများ၏ ကျေနပ်နှစ်သိမ့်မှုသည် ကျွန်ုပ်တို့၏ အောင်မြင်မှုပင် ဖြစ်သည်” ဟူ၍ ဖြစ်ပါသည်။

    သင်၏ကုမ္ပဏီ ကြီးသည်ဖြစ်စေ သို့မဟုတ် ငယ်သည်ဖြစ်စေ ကျွန်ုပ်တို့ အနေဖြင့် သင်၏သင်လုပ်ငန်းကို လူတွေ သတိပြုလာအောင် ဆောင်ရွက်ပေးမည်ဖြစ်ပြီး ကျွန်ုပ်တို့တတ်နိုင်သော service of back-up များအား အကျိုးရှိရှိ၊ ကျယ်ပြန့်စွာ ထောက်ပံ့ပေးရန် လိုအပ်ပါသည်။ သာလွန်ကောင်းမွန်သော ဝန်ဆောင်မှုများနှင့် ယုံကြည်စိတ်ချမှုသည် နောက်ဆုံရလဒ်ပင်ဖြစ်သည်။

    ကျွန်ုပ်တို့၏ ရည်မှန်းချက်

    • မြန်မာနိုင်ငံတွင် အက​ောင်းဆုံး logistics service provider အဖြစ်မြင့်မားသော ဝန်ဆောင်မှု အရည်သွေးများ ပေးနိုင်ရန်

    ကျွန်ုပ်တို့၏တာဝန်ဝတ္တရားများ

    • အကျိုးရှိရုံမကပဲ ယုံကြည်စိတ်ချစွာ ဆောင်ရွက်နိုင်သော ပြီးပြည့်စုံသည့် Logistics Solution နည်းလမ်းများ ပေးအပ်ရန်
    • သယ်ယူပို့ဆောင်ရေးတွင် စျေးကွက်မှီဆောင်ရွက်သူအဖြစ် ကျွန်ုပ်တို့၏ အဆင့်အတန်းကို ထိန်းသိမ်းထားရန်
    • လူသိများထင်ပေါ်ကျော်ကြားပြီး နာမည်ကောင်းရရှိသော ကုမ္ပဏီ ဖြစ်လာရေး

    ကျွန်ုပ်တို့၏ ရည်ရွယ်ချက်

    • ကျွန်ုပ်တို့၏ Customerများ အား အကျိုးရှိသော သယ်ယူပို့ဆောင်မှုများ ဖြည့်ဆည်းဆောင်ရွက်ပေးရန်
    • လုပ်ငန်း လိုအပ်ချက်တိုးပွားလာသည်နှင့်အမျှ ကျွန်ုပ်တို့၏ လက်ရှိဖွဲ့စည်းပုံအား ချဲ့ထွင်ရန်
    • ဝန်ထမ်းများနှင့် ဆက်စပ်စီးပွားရေး လုပ်ဖော်ကိုင်ဖက်များ အတွက် ဘေးကင်းလုံခြုံသော လုပ်ငန်းပတ်ဝန်းကျင် တစ်ရပ်ဖြစ်စေရေး
    • ဝန်ဆောင်မှုများ၏ သဘောသဘာဝနှင့် ဂုဏ်သတ္တိတို့ဖြင့် လုပ်ငန်အောင်မြင်မှုကို မြှင့်တင်ဆောင်ရွက်ရန်

    ကျွန်ုပ်တို့၏ တန်ဖိုးများ

    • အချိန်တိကျခြင်း
    • အလုံးစုံ အာမခံရှိခြင်း
    • ယုံကြည်စိတ်ချမှုရှိခြင်း
    • အရည်အသွေး စစ်မှန်ကြောင်း အာမခံရှိခြင်း
    • တိကျသော စီမံချက်ကောင်း ထားရှိခြင်း

    လုပ်ငန်းစည်းမျဉ်းများ

    အတွင်းရေးကိစ္စရပ်များ

    • ကျွန်ုပ်တို့သည် သက်ဆိုင်ရာ လုပ်ငန်းဝန်ဆောင်မှုများ ထောက်ပံ့စဉ်ကာလအတွင်း လက်ခံရရှိထားသော လူပုဂ္ဂိုလ်ဆိုင်ရာ အချက်အလက်များ အားလုံးအား ကာကွယ်ထိန်းသိမ်းရန်နှင့် အားမာန် စီးပွားရေး အတွင်းရေးလျှို့ဝှက်ချက်များ၏ စည်းကမ်းနှစ်ရပ်လုံးတွသ် အလားအလာရှိသောသူများ လက်ရှိအလုပ်ရှင်များနှင့် ယခင်က အလုပ်ရှင် အဟောင်းများ နှင့် ကျွန်ုပ်တို့ လုပ်ကိုင်ဆောင်ရွက်ရာတွင် ဂုဏ်သိက္ခာ မြင့်မားစွာ ထိန်းသိမ်း ဆောင်ရွက်ပါသည်။
    • အလားတူ စံနှုန်းများအတိုင်း ကျွန်ုပ်တို့၏ Customerများ၊ Supplierများ နှင့် Shareholderများ အား ဖြည့်ဆည်း ဆောင်ရွက်ပေးပါမည်။

    အရည်အသ​ွေး စစ်မှန်ကြ​ောင်း အာမခံချက်

    • ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အလုပ်ရှင်များနှင့် ရည်မှန်းချက်များ၊ ဆောင်ရွက်မှုများ၊ ထုတ်လုပ်မှုနှင့် ဆောင်ရွက်မှုတိုင်း၏ ကုန်ကျစရိတ်သက်သာမှုများ အားလုံးကို ပြန်လည်သုံးသပ်ပြီး မည်သည့် အရည်အသွေးကို ထိန်းသိမ်းဆောင်ရွက်ရမည် ကို ဆုံးဖြတ်ချက်ချသည်။
    • ပုံမှန် meeting များ ဆောင်ရွက်ပြီး လုပ်ငန်းတိုးတက်မှု ပုံမှန်အစီရင်ခံစာများကို လည်း တင်ပြသည်။
    • ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ဆောင်ရွက်ချက်များ အားလုံးကို ကျွမ်းကျင်မှု ရှိရှိနှင့် ဂုဏ်သိက္ခာရှိရှိ အကောင်အထည်ဖော် ဆောင်ရွက်ရမည်။

    ထိန်းသိမ်းဆောင်ရွက်ခြင်း တာဝန်

    • ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်များနှင့် အြကံဉာဏ်များသည် သက်ဆိုင်ရာဥပဒ​ေနှင့်အညီ အြမဲတမ်းဆောင်ရွက်ပြီး ကျွန်ုပ်တို့နှင့် လုပ်ကိုင်နေသော အဖွဲ့အစည်း၊ ကျယ်ပြန့်လှသော ပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ရှိ လူသားများအတွက် လူ့အခွင့်အရေး အပေါ် ဆိုးကျိုးသက်ရောက်စေခြင်းအား ရှောင်ကျဉ်သည်။

    ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အြငင်းပွားဖွယ်ရာများ

    • ကုမ္ပဏီသည် ဝန်ထမ်းများ၊ Customer များ၊ ပြိုင်ဖက်များ နှင့် အဖွဲ့အစည်းများ အပါအဝင် ၎င်းအနေဖြင့် ရင်ဆိုင်ဖြေရှင်း ဆောင်ရွက်နေရသော သူများအား တာဝန်ဝတ္တရား အြပည့်ဖြင့် ဆောင်ရွက်ပေးပါမည်။ ကုမ္ပဏီသည် ဆက်ဆံဆောင်ရွက်သူများ၏ လျှို့ဝှက်ဆောင်ရွက်မှုနှင့် ယုံကြည်မှုကို တန်ဖိုးထားသည်။ ကုမ္ပဏီ၏ဂုဏ်သတင်းနှင့် ၎င်း၏ လက်အောက်ခံလုပ်ငန်းများ၏ ဂုဏ်သတင်းကို ကာကွယ်ရန်မှာ ဝန်းထမ်းအားလုံး၏ တာဝန်ဝတ္တရားဖြစ်ပြီး အြငင်းပွားမှု တစ်စုံတရာ မရှိစေရေး ဆောင်ရွက်ပါမည်။

    သာတူညီမျှမှုနှင့် ခွဲခြားဆက်ဆံခြင်း

    • ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အြကံဉာဏ်နှင့် လုပ်ဆောင်မှုများတွင် ရည်မှန်းချက်နှင့်အညီ သင့်လျော်အောင် အကောင်အထည်ဖေါ်ချမှတ်ပြီး ကျား/မ ၊ လူမျိုး၊ ဘာသာ၊ အရ​ောင်အသွေး၊ အသက် (သို့) ပုဂ္ဂိုလ်ရ​ေး မစွမ်းဆောင်နိုင်မှု တို့အတွက် ထောက်ခံချက်များ (သို့) လုပ်ဆောင်ချက်များ၊ ဆုံးဖြတ်ချက်များလွှမ်းမိုးမှု ရှိစေမည်မဟုတ်ပါ။

    Something went wrong... Unable to load map.

    ဆက်သွယ်ရန်

    အြခားသိရှိလိုသည်များ ရှိပါက ကျွန်ုပ်တို့အား ဆက်သွယ်ပါ။